Wednesday, September 3, 2008

ဘာပဲဖြစ်ဖြစ်

မတရားဘူး
ငါ့တယောက်တည်း ကံဆိုးမှုနဲ့ကြေကွဲမှုတွေ
အမြဲတမ်းပဲဆက်ပေးတယ်
အချစ်ဆိုတာအလွမ်းသက်သက်လို့
ထင်ရက်လောက်အောင်ပဲ
မင်းလေးနှိပ်စက်မိခဲ့ ...
ဒါပေမယ့်မင်းလေးဟာ ငါပဲလေ
နှလုံးသားချင်းတကယ်ဆက်နေတယ်လို့
မင်းလေးယုံကြည်ရင် ငါ့ရင်ထဲ
ကြည့်နေစရာမလိုဘူး
ဒါပေမယ့် ငါချစ်နေတုန်းပဲ
ငါဆုတောင်းနေတုန်းပဲ
မင်းလေးရဲ့အချစ် မင်းလေးရဲ့အပြုံး
မင်းလေးရဲ့နှလုံးသား ပိုင်ဆိုင်ချင်တုန်းပဲ
ဒါလဲလေ ငါတကယ်မတရားတာ
အချစ်ရယ်
တမ်းတ ဆို့နင့်မှုနဲ့ ဘ၀တခု
ငါဘယ်လိုရင်ဆိုင်ရမလဲ
ဒွိဟစိတ်ဆိုတာ ပျော့ညံ့မှုဆိုပေမယ့်
အချစ်ဆိုတာနဲ့နိုင်းရင်
အချစ်လေးရယ် တွေးကြည့်ပေးပါ
လက်နက်တိုနဲ့လက်နက်ရှည်
အနီးကပ်လာရင် လက်နက်ရှည်သမား
အရှုံးသမားဆိုတာ..မေတ္တာတရား
မေတ္တာသမားယောက်အတွက်
အချစ်မေတ္တာကြီးလေ..ကိုယ်လေ
ကျန်ရစ်တယောက်အဖြစ်လဲမနေချင်ဘူး
မင်းသားတယောက်လဲမဖြစ်သင့်ဘူး
အသက်ရှိတဲ့မျက်လုံးလေးတွေ
ကာရံမဲ့တဲ့စကားသံလေးတွေ
အဆုံစွန်ဆုံး
နွေးထွေးတဲ့အနမ်းတချက်နဲ့
ဒီဘ၀အတွက် ငါကျေနပ်ချင်တယ်
ဒါပေမယ့် မင်းလေးက ငါဆိုတာ ငါ့အတွက်
အမှန်လားဆိုတာလဲ..
ဆို့နင့်တဲ့စကားတခွန်း..
ခွန်အားမဲ့တဲ့ယုံကြည်မှုတွေ
ငါပေးခဲ့မိတယ်..ဒါပေမယ့်ဖန်တီးမှုတခုမဟုတ်တဲ့
တိကျတဲ့တိုက်ဆိုင်မှုလေ
ငါ့ကိုဘယ်လိုထင်ထင်ပါ..၀မ်းမနဲတက်ပေမယ့်
မင်းလေးရဲ့မျက်ရည်တစက်
ကိုယ်အသည်းကိုဖောက်ထွက်နေပီ
ယုံကြည်ပါလို့ ပြောမထွက်ပေမယ့်
နှလုံးသားတခုကိုတော့
သက်သေပြုချင်တယ်“

နတ်သျှင်နောင်

No comments: