Wednesday, September 3, 2008

အချစ်နဲ့ယမကာ

အချစ် နဲ့ ယမကာ
နင်ဘယ်ဟာရွှေးမလဲ
ငါဖြေခဲ့တယ် နင့်ကိုပဲပေါ့

ငါ့ချစ်ခဲ့တဲ့နင်
ငါ့အသည်း ငါ့နှလုံးသား
ခံစားချက်နဲ့ ဘ၀အစိတ်အပိုင်းတွေ
နင်ဝါးမြိုခဲ့တယ် ငါ့ဘ၀ရဲ့နင်လေ

ငါချစ်ခဲ့တဲ့ ယမကာ
ငါ့အသည်းတခုတည်းစတေးပီး
ငါ့နှလုံးသားနဲ့ အရာအားလုံး
ငါ့ဘ၀ကိုနှစ်သိမ့်ပေးတယ်

အခုလဲ
အချစ် နဲ့ ယမကာ
နင်ဘယ်ဟာရွှေးမလဲ
ငါဖြေဆဲလေ နင့်ကိုပဲပေါ့

No comments: