Wednesday, September 3, 2008

ဒွိဟနှလုံးသား

ငါ့ကိုယ်ငါမယုံဘူး
မင်းလေးကိုထားခဲ့နိုင်မယ်လို့
ငါ့ကိုယ်ငါမယုံဘူး
မင်းလေးကိုကြည့်နေနိုင်မယ်လို့
ငါ့ကိုယ်ငါ့မယုံဘူး
မင်းလေးကို ပြုံးစေနိုင်မယ်လို့
ပျော်စေချင်တယ် သာယာစေချင်
နူးညံ့တဲ့စကားလေးတွေနဲ့တသက်လုံး
အပြုံးလေးနဲ့နှစ်ကိုယ်တူ
ကြည်ဖြူပျော်ရွှင် ရင်ခုန်ကြည်နူး
နေ့ရက်တွေဖြတ်သန်းဖူးချင်တယ်
ဒါပေမယ့် ငါ့ဘ၀အခြေအနေ
ငါ့ဘ၀ရဲ့ပျော်ရွှင်မှုနဲ့
ချစ်သူကိုစတေးဖို့
ငါကိုယ်ငါ သက်သေသလိုမျိုး
ဒါပေမယ့်သူတော်ကောင်းမဟုတ်တဲ့ငါ့
မင်းကိုချစ်တာ
ငါ့ကိုယ်ငါချစ်နေတာပါ....
မင်းကိုမုန်းတဲ့တနေ့
ငါဘ၀လဲမရှိတော့နိုင်ဘူး...

No comments: