Wednesday, September 3, 2008

အိုဘယ့်ချက်တာ

သန်းခေါင်ရယ်ကျော်
သူငယ်ချင်းဟာသူငယ်ချင်း
အချင်းချင်းဘဲလွမ်းမယ်
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်
ချက်ထဲမှာမင်္ဂလာဆောင်မယ်
လိမ်ညာတာ အပြင်ဘ၀ပေမို့
ကိုကိုရယ်ချက်ထဲမှာ...
ဇာတ်မနာအောင်သရုပ်ဆောင်
အပြင်မှာရုပ်ပြောင်နေပစေ
ချက်မှာတော့ဟီးရိုးလို့
တသက်လုံး..ကိုးကွယ်ပြစေ..

အိုးရှင်းအားဂုဏ်ပြုစပ်ဆိုသည်။

လွမ်းချင်း(ယမကာလုလင်)

အလွမ်းနှစ်မျိုး
အတိတ်ကိုလွမ်းခြင်း
ပစ္စုန်ပန်ကိုလွမ်းခြင်း..
တချိန်တုန်းကချစ်သူများ
ယခုချစ်သူတွေသို့..တနေ့စာ
လွမ်းခြင်းရယ်ကံခေ..
ဘယ်နှယ်ဗျာ..တနေကုန်လွမ်း..
မူးနေတာပဲနားအေးတယ်..

ဒွိဟနှလုံးသား

ငါ့ကိုယ်ငါမယုံဘူး
မင်းလေးကိုထားခဲ့နိုင်မယ်လို့
ငါ့ကိုယ်ငါမယုံဘူး
မင်းလေးကိုကြည့်နေနိုင်မယ်လို့
ငါ့ကိုယ်ငါ့မယုံဘူး
မင်းလေးကို ပြုံးစေနိုင်မယ်လို့
ပျော်စေချင်တယ် သာယာစေချင်
နူးညံ့တဲ့စကားလေးတွေနဲ့တသက်လုံး
အပြုံးလေးနဲ့နှစ်ကိုယ်တူ
ကြည်ဖြူပျော်ရွှင် ရင်ခုန်ကြည်နူး
နေ့ရက်တွေဖြတ်သန်းဖူးချင်တယ်
ဒါပေမယ့် ငါ့ဘ၀အခြေအနေ
ငါ့ဘ၀ရဲ့ပျော်ရွှင်မှုနဲ့
ချစ်သူကိုစတေးဖို့
ငါကိုယ်ငါ သက်သေသလိုမျိုး
ဒါပေမယ့်သူတော်ကောင်းမဟုတ်တဲ့ငါ့
မင်းကိုချစ်တာ
ငါ့ကိုယ်ငါချစ်နေတာပါ....
မင်းကိုမုန်းတဲ့တနေ့
ငါဘ၀လဲမရှိတော့နိုင်ဘူး...

ဘ၀ရဲ့သင်ခန်းစာ

မုန်းမေ့လွယ်တဲ့ မင်းလေးအတွက်
ငါမိုးရေထဲ လျှောက်သွားဘူးတယ်
ချစ်လွယ်ရက်ရော မင်းလေးသဘောလိုက်ဖို့
ငါဗွက်တော့ထဲလဲ လဲခဲ့ဘူးတယ်
ကတိအလွယ်ပေးတဲ့ စကားလေးတွေကြောင့်
ငါတံတားတွေပေါ် မှောက်ခဲ့ဘူးတယ်
အခု...မင်းလေးကိုမုန်း...မိန်းမမုန်းသူကြီးဘ၀နဲ့
ကလပ်တွေတက်လို့ ... စမက်ကျကျပဲ...
အသည်းကွဲနေပီလေ....

ဘာပဲဖြစ်ဖြစ်

မတရားဘူး
ငါ့တယောက်တည်း ကံဆိုးမှုနဲ့ကြေကွဲမှုတွေ
အမြဲတမ်းပဲဆက်ပေးတယ်
အချစ်ဆိုတာအလွမ်းသက်သက်လို့
ထင်ရက်လောက်အောင်ပဲ
မင်းလေးနှိပ်စက်မိခဲ့ ...
ဒါပေမယ့်မင်းလေးဟာ ငါပဲလေ
နှလုံးသားချင်းတကယ်ဆက်နေတယ်လို့
မင်းလေးယုံကြည်ရင် ငါ့ရင်ထဲ
ကြည့်နေစရာမလိုဘူး
ဒါပေမယ့် ငါချစ်နေတုန်းပဲ
ငါဆုတောင်းနေတုန်းပဲ
မင်းလေးရဲ့အချစ် မင်းလေးရဲ့အပြုံး
မင်းလေးရဲ့နှလုံးသား ပိုင်ဆိုင်ချင်တုန်းပဲ
ဒါလဲလေ ငါတကယ်မတရားတာ
အချစ်ရယ်
တမ်းတ ဆို့နင့်မှုနဲ့ ဘ၀တခု
ငါဘယ်လိုရင်ဆိုင်ရမလဲ
ဒွိဟစိတ်ဆိုတာ ပျော့ညံ့မှုဆိုပေမယ့်
အချစ်ဆိုတာနဲ့နိုင်းရင်
အချစ်လေးရယ် တွေးကြည့်ပေးပါ
လက်နက်တိုနဲ့လက်နက်ရှည်
အနီးကပ်လာရင် လက်နက်ရှည်သမား
အရှုံးသမားဆိုတာ..မေတ္တာတရား
မေတ္တာသမားယောက်အတွက်
အချစ်မေတ္တာကြီးလေ..ကိုယ်လေ
ကျန်ရစ်တယောက်အဖြစ်လဲမနေချင်ဘူး
မင်းသားတယောက်လဲမဖြစ်သင့်ဘူး
အသက်ရှိတဲ့မျက်လုံးလေးတွေ
ကာရံမဲ့တဲ့စကားသံလေးတွေ
အဆုံစွန်ဆုံး
နွေးထွေးတဲ့အနမ်းတချက်နဲ့
ဒီဘ၀အတွက် ငါကျေနပ်ချင်တယ်
ဒါပေမယ့် မင်းလေးက ငါဆိုတာ ငါ့အတွက်
အမှန်လားဆိုတာလဲ..
ဆို့နင့်တဲ့စကားတခွန်း..
ခွန်အားမဲ့တဲ့ယုံကြည်မှုတွေ
ငါပေးခဲ့မိတယ်..ဒါပေမယ့်ဖန်တီးမှုတခုမဟုတ်တဲ့
တိကျတဲ့တိုက်ဆိုင်မှုလေ
ငါ့ကိုဘယ်လိုထင်ထင်ပါ..၀မ်းမနဲတက်ပေမယ့်
မင်းလေးရဲ့မျက်ရည်တစက်
ကိုယ်အသည်းကိုဖောက်ထွက်နေပီ
ယုံကြည်ပါလို့ ပြောမထွက်ပေမယ့်
နှလုံးသားတခုကိုတော့
သက်သေပြုချင်တယ်“

နတ်သျှင်နောင်

အချစ်နဲ့ယမကာ

အချစ် နဲ့ ယမကာ
နင်ဘယ်ဟာရွှေးမလဲ
ငါဖြေခဲ့တယ် နင့်ကိုပဲပေါ့

ငါ့ချစ်ခဲ့တဲ့နင်
ငါ့အသည်း ငါ့နှလုံးသား
ခံစားချက်နဲ့ ဘ၀အစိတ်အပိုင်းတွေ
နင်ဝါးမြိုခဲ့တယ် ငါ့ဘ၀ရဲ့နင်လေ

ငါချစ်ခဲ့တဲ့ ယမကာ
ငါ့အသည်းတခုတည်းစတေးပီး
ငါ့နှလုံးသားနဲ့ အရာအားလုံး
ငါ့ဘ၀ကိုနှစ်သိမ့်ပေးတယ်

အခုလဲ
အချစ် နဲ့ ယမကာ
နင်ဘယ်ဟာရွှေးမလဲ
ငါဖြေဆဲလေ နင့်ကိုပဲပေါ့

အချစ်နဲ့သံယောဇဉ်

သံယောဇဉ် အထပ်ထပ်
္ဂမင်းနဲ့ကိုယ် ရစ်ပက်မိပီ
တရားသဘော ရုန်းထွက်ဖို့ခက်ခဲတဲ့
တို့ဖက်တွယ်ဖို့အတွက်တော့
ခိုင်မြဲတဲ့တွဲလက်များပေါ့...

အချစ်ဆိုတာမီးတောက်ငယ်တဲ့
မင်းနဲ့ကိုယ် တစစပျိုးလို့
အချစ်နဲ့အလွမ်းနေ့ညရယ်တခြမ်းစီခံစား
ချစ်တယ်အရမ်း မီးတောက်ကြီးလွှမ်းပစေ
သေအောင်ချစ်မယ်သူရယ်လို့
သစ္စာဆိုတဲ့ သံသရာထဲ
သံယောဇဉ်တွေနဲ့ ...............

နတ်သျှင်နောင်